Latest News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကူမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ (၁၂-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆၈)လုံး၊ လုံးဝပျက်စီးနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅,၀၁၀,၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘာသာရေးအဆောက်အဦ(၁)လုံးအတွက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၇၀)စုမှ လူဦးရေ (၃၃၄)ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၇၀၁,၄၀၀/-)ကျပ်တို့ကို (၂၁-၄-၂၀၂၀) ရက်နေ့နှင့် (၂၂-၄-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တို့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_apr2020 Source: … Read more
-
အခြားဘေးသင့်သေဆုံးပြည်သူအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ဖြစ်ပွားခဲ့သော အခြားဘေးသင့်မှုကြောင့် သေဆုံးသွားသူ၏ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀ိ/-)ကျပ်အား (၂၂-၄-၂၀၂၀)ရက်နေ့ နေ့လယ် (၁၅:၀၀)အချိန်တွင် ကျန်ရစ်သူမိသားစုလက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #bgo_apr2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၄-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဆင်ပေါင်ဝဲမြို့နယ်၌ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်စု(၆) စုရှိ ကျေးရာ(၁၂)ရွာတို့တွင် လူနေအိမ်(၁၈၆)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၈၆)စု၊ လူဦးရေ (၇၁၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆,၅၂၀,၀၀၀/-) ကျပ်နှင့် ပွင့်ဖြူမြို့နယ်၊ (၂၁-၄-၂၀၂၀)ရက်နေ့၊လေပြင်းဘေးကြောင့် အမိုးလန်လူနေအိမ်(၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၆၀,၀၀၀/-)ကျပ်တို့ကို(၂၂-၄-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူ များထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်ရှိ၊ ဂျန်မိုင်ကောင်းနှစ်ခြင်း၊ ဂျန်မိုင်ကောင်း RC ၊ စီတာပူဆွတ်ငိုင်တောင်၊ စီတာပူသီတာအေး IDPs စခန်းများရှိ အိမ်ထောင်စု (၃၉၉) စုအတွက် (၁) အိမ်ထောင်စုလျှင် ဆပ်ပြာ (၂) ခဲနှုန်းနှင့် mask (၂) ခုနှုန်း စုစုပေါင်း ဆပ်ပြာ (၇၉၈) ခဲ၊ mask (၇၉၈) ခုနှင့် ဂျန်မိုင်ကောင်းနှစ်ခြင်းစခန်းအတွက် Non-Contact Infrared Thermometer (၁)ခုကို … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက် နေ့ (၁၅:၄၅) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့်ကလေးခရိုင်၊ ကလေးမြို့နယ်၊ ထိုမာ ကျေးရွာအုပ်စု၊ စီစံကျေးရွာမှအိမ်ခြေ(၃) လုံး၊ လူဦးရေ(၁၄) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၉,၄၀၀) ကျပ်၊ ကံပုလဲကျေးရွာအုပ်စု၊ နှောညောင်ပင်ကျေးရွာမှ အိမ်ခြေ (၁) လုံး၊ လူဦးရေ (၁) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၂,၁၀၀) ကျပ် နှင့် (၂၂-၄-၂၀၂၀) ရက်နေ့ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မင်းရွာကျေးရွာအုပ်စု၊ သပွတ်ကျောကျေးရွာတွင် (၂၁-၄-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၀၀၀၀ိ/-)ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၃၃၆၀၀ိ/-)ကျပ်၊ စုစုပေါင်း(၂၀၃၆၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား (၂၂-၄-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









