လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကူမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ (၁၂-၄-၂၀၂၀) ရက်‌နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆၈)လုံး၊ လုံးဝပျက်စီးနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ  (၅,၀၁၀,၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘာသာရေးအဆောက်အဦ(၁)လုံး‌အတွက် ပစ္စည်းဖိုးထောက်ပံ့ငွေ  (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၇၀)စုမှ လူဦးရေ (၃၃၄)ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၇၀၁,၄၀၀/-)ကျပ်တို့ကို (၂၁-၄-၂၀၂၀) ရက်နေ့နှင့် (၂၂-၄-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တို့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#kcn_apr2020

Source:           ရွှေကူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events