လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက် နေ့ (၁၅:၄၅) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့်ကလေးခရိုင်၊ ကလေးမြို့နယ်၊ ထိုမာ ကျေးရွာအုပ်စု၊ စီစံကျေးရွာမှအိမ်ခြေ(၃) လုံး၊ လူဦးရေ(၁၄) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၉,၄၀၀) ကျပ်၊ ကံပုလဲကျေးရွာအုပ်စု၊ နှောညောင်ပင်ကျေးရွာမှ အိမ်ခြေ (၁) လုံး၊ လူဦးရေ (၁) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၂,၁၀၀) ကျပ် နှင့် (၂၂-၄-၂၀၂၀) ရက်နေ့ (၀၅:၀၀) နာရီအချိန်၌ လေပြင်း တိုက်ခတ်မှုကြောင့်ကလေးမြို့နယ်၊ ကံကြီးကျေးရွာမှ အိမ်ခြေ (၃)လုံး၊ လူဦးရေ(၁၇) ဦး အတွက် ဆန်ရိက္ခာဖိုးငွေနှင့်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၁၅,၇၀၀)ကျပ်၊ ကြက်ဖ နက်ကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာကျေးရွာမှ အိမ်ခြေ(၁) လုံး၊ လူဦးရေ(၆) ဦးအတွက် ဆန် ရိက္ခာဖိုးငွေနှင့်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၂,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ(၃၄၉,၈၀၀) ကျပ်အား ကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ (၂၂-၄-၂၀၂၀) ရက်နေ့ (၁၃:၄၀) နာရီအချိန်တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#ha_sgw
#sgg_apr2020
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events