လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်ရှိ၊ ဂျန်မိုင်ကောင်းနှစ်ခြင်း၊ ဂျန်မိုင်ကောင်း RC ၊ စီတာပူဆွတ်ငိုင်တောင်၊ စီတာပူသီတာအေး IDPs စခန်းများရှိ အိမ်ထောင်စု (၃၉၉) စုအတွက် (၁) အိမ်ထောင်စုလျှင် ဆပ်ပြာ (၂) ခဲနှုန်းနှင့် mask (၂) ခုနှုန်း စုစုပေါင်း ဆပ်ပြာ (၇၉၈) ခဲ၊ mask (၇၉၈) ခုနှင့် ဂျန်မိုင်ကောင်းနှစ်ခြင်းစခန်းအတွက် Non-Contact Infrared Thermometer (၁)ခုကို သွားရောက်ထောက်ပံ့ခဲ့ပြီး COVID – 19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်ကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kcn_apr2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)