လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၄-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဆင်ပေါင်ဝဲမြို့နယ်၌ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်စု(၆) စုရှိ ကျေးရာ(၁၂)ရွာတို့တွင် လူနေအိမ်(၁၈၆)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၈၆)စု၊ လူဦးရေ (၇၁၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆,၅၂၀,၀၀၀/-) ကျပ်နှင့် ပွင့်ဖြူမြို့နယ်၊ (၂၁-၄-၂၀၂၀)ရက်နေ့၊လေပြင်းဘေးကြောင့် အမိုးလန်လူနေအိမ်(၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၆၀,၀၀၀/-)ကျပ်တို့ကို(၂၂-၄-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူ များထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mgy_apr2020

Sign Up

Upcoming Events