Latest News
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈ -၄-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့ရပ်ကွက် (၁၊၂၊၃၊၄) ရပ်ကွက်၊ ဘဝသစ်ကျေးရွာ (၁၊၂၊၃)နှင့် ကညင်ကုန်း ကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့ ည(၂၀:၀၀) နာရီအချိန်မှစတင်ပြီး ဟင်္သာတမြို့နယ်၊ ဒူးယါးမြို့(အမှတ် – ၁ /၂/၃၊ ညောင်ကုန်း၊ ရွာသာကုန်းကြီး) ရပ်ကွက်တို့တွင် လှည့်လည်၍ လတ်တလောဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၌ (၀၉:၃၀) နာရီအချိန်မှ (၁၀:၃၀) နာရီအချိန်ထိလည်းကောင်း၊ ပန်းချောင်းကျေးရွာ၌ (၁၀:၃ဝ) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိလည်းကောင်း၊ ဘုရားငုတ်တိုကျေးရွာ၌ (၁၁:၃၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိလည်းကောင်း၊ ပန်းတင်ကုန်းကျေးရွာ၌ (၁၃:၃၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိလည်းကောင်း၊ ချောင်းဖျားကျေးရွာ၌ (၁၄:၃၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိလည်းကောင်း၊ ဒိုးတန်းကျေးရွာ၌ (၁၅:၃၀) နာရီအချိန်မှ (၁၆:၃၀) … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID -19 ကာလအတွင်း မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးအတွက် မသန်စွမ်းသူများ COVID -19 အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့်တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဧပြီ ၂၈ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID -19 ကာလအတွင်း မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးအတွက် မသန်စွမ်းသူများ COVID -19 အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့် ယနေ့နံနက်ပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးပွဲ၌ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်း (၃၁)ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်း ထားသည့် မသန်စွမ်းသူများ COVID – 19 အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီမှ တာဝန်ရှိသူများ ပါဝင် ဆွေးနွေးခဲ့ကြသည်။ ညှိနှိုင်းဆွေးနွေးရာတွင် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာအုပ်စု၊ သဲအိမ်ကျောင်းစုကျေးရွာတို့၌ (၂၆-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် (၃၄၇၅၃/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး စက္ကူပုံးပါ(၁)အိမ်ထောင်စာ၊ ဘေးသင့်ပြည်သူ (၃) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ် တို့ကို … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လဟာ ဂမုံကျေးရွာအုပ်စု၊ လဟာဂမုံကျေးရွာ၊ ထောက်ကြံ့ကွင်းကျေးရွာနှင့် ကုန်းစွန်းကျေးရွာတို့၌ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၂၈-၄-၂၀၂၀)ရက်နေ့၌ (၁၁:၃၀)နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr 2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









