ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၌ (၀၉:၃၀) နာရီအချိန်မှ (၁၀:၃၀) နာရီအချိန်ထိလည်းကောင်း၊ ပန်းချောင်းကျေးရွာ၌ (၁၀:၃ဝ) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိလည်းကောင်း၊ ဘုရားငုတ်တိုကျေးရွာ၌ (၁၁:၃၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိလည်းကောင်း၊ ပန်းတင်ကုန်းကျေးရွာ၌ (၁၃:၃၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိလည်းကောင်း၊ ချောင်းဖျားကျေးရွာ၌ (၁၄:၃၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိလည်းကောင်း၊ ဒိုးတန်းကျေးရွာ၌ (၁၅:၃၀) နာရီအချိန်မှ (၁၆:၃၀) နာရီအချိန်ထိလည်းကောင်း လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပျံ့နှံ့လျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events