လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာအုပ်စု၊ သဲအိမ်ကျောင်းစုကျေးရွာတို့၌ (၂၆-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် (၃၄၇၅၃/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး စက္ကူပုံးပါ(၁)အိမ်ထောင်စာ၊ ဘေးသင့်ပြည်သူ (၃) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ် တို့ကို (၂၇-၄-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်း ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_apr2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)