Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈ -၄-၂၀၂၀) ရက်နေ့တွင် ​​ဖျာပုံမြို့နယ်၊​​​​ အမာမြို့ရပ်ကွက် (၁၊၂၊၃၊၄) ရပ်ကွက်၊ ဘဝသစ်​ကျေးရွာ (၁၊၂၊၃)နှင့် ကညင်ကုန်း ကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ  COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_apr2020

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events