Latest News
-
မအူပင်မြို့နယ်၊ သာယာကုန်းရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၅)ရွာ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ သာယာကုန်းရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၅)ရွာ၌ COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား Loud Speaker, Hand Speaker များဖြင့် လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒီးမော့ဆိုမြို့နယ်၊ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု ယူဆမိုဆိုကျေးရွာနှင့် ဒေါတဝီကျေးရွာ၊ နောင်ပုလဲကျေးရွာအုပ်စု၊ လေးမိုင်မြေနီကုန်းကျေးရွာ၊ မြလဲကျေးရွာအုပ်စု၊ ဆီးမီဆိုဒါးကျေးရွာ၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါဆီးအီကျေးရွာများရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၊ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဝက်လက်မြို့နယ် ၊ မြင်တော်ကျေးရွာ၊ မူးကြီးကျေးရွာ၊ မန်းကျီးတုံရွာတို့တွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံမှုများ မဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာ ဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #sgg_may2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀) ရက်နေ့ တွင် (၀၈:၀၀)နာရီမှစတင်၍ (၁၄:၀၀)နာရီအချိန်ထိ ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ပေါက်ကန်ကျေးရွာ၊ အင်းဝကျေးရွာ၊ မေမြို့ကျေးရွာ၊ တောင်ဦးကျေးရွာ၊ ခံစပ်တောကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ရင့်ရော်ပင်ကျေးရွာနှင့် မြေမလှကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊အောက်စီဂျင်အခမဲ့ကူညီရေးအသင်း၊ လူငယ်ကွန်ယက်အဖွဲ့တို့နှင့် ပူးပေါင်းကာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ မြေမလှကျေးရွာတွင် (၃၀-၄-၂၀၂၀) ရက်နေ့၊ (၂၀:၁၅)နာရီအချိန်မှ (၂၀:၃၀) နာရီအချိန်ထိ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း(၁) ထပ်နေအိမ်တွင် သွပ်အမိုး(၂၀)ချပ် အမိုးလန်ခြင်းဖြစ်ပွားခဲ့ပြီး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၁၂၆၀ဝိ/-)ကျပ် ၊ စုစုပေါင်းငွေ (၆၂၆၀ဝိ/-)ကျပ်အား (၁-၅-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)အချိန်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
ဧပြီ ၃၀၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၂၈-၄-၂၀၂၀)နေ့မှ (၃၀-၄-၂၀၂၀)နေ့အထိ- စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ၊ အင်းတော်မြို့နယ်များ၌ နေအိမ်(၁၈)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညို၊ ကြို့ပင်ကောက်၊ အုတ်ဖိုမြို့နယ်များ၌ နေအိမ်(၁၃)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ ဆော၊ တောင်တွင်းကြီးမြို့နယ်များ၌ နေအိမ်(၁၇)လုံး၊ ဘာသာရေး အဆောက်အဦ(၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ … Read more









