လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ မြေမလှကျေးရွာတွင် (၃၀-၄-၂၀၂၀) ရက်နေ့၊ (၂၀:၁၅)နာရီအချိန်မှ (၂၀:၃၀) နာရီအချိန်ထိ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း(၁) ထပ်နေအိမ်တွင် သွပ်အမိုး(၂၀)ချပ် အမိုးလန်ခြင်းဖြစ်ပွားခဲ့ပြီး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၁၂၆၀ဝိ/-)ကျပ် ၊ စုစုပေါင်းငွေ (၆၂၆၀ဝိ/-)ကျပ်အား (၁-၅-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)အချိန်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)