တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ


ဧပြီ ၃၀၊ နေပြည်တော်

မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၂၈-၄-၂၀၂၀)နေ့မှ              (၃၀-၄-၂၀၂၀)နေ့အထိ-

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ၊ အင်းတော်မြို့နယ်များ၌ နေအိမ်(၁၈)လုံး အမိုးအကာလန် ပျက်စီးခြင်း၊
  • ပဲခူးတိုင်းဒေသကြီး၊ မိုးညို၊ ကြို့ပင်ကောက်၊ အုတ်ဖိုမြို့နယ်များ၌ နေအိမ်(၁၃)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး အမိုးအကာလန် ပျက်စီးခြင်း၊
  • မကွေးတိုင်းဒေသကြီး၊ ဆော၊ တောင်တွင်းကြီးမြို့နယ်များ၌ နေအိမ်(၁၇)လုံး၊ ဘာသာရေး အဆောက်အဦ(၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
  • ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်၊ ပန်းတနော်၊ မော်လမြိုင်ကျွန်းနှင့် မြန်အောင် မြို့နယ်များ၌ နေအိမ်(၁၁)လုံး၊ ဘာသာရေးအဆောက်အဦ(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၂၀)လုံး၊ ဘာသာရေးအဆောက်အဦ(၁)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ ဖြစ်ပွား ခဲ့ပါသည်။

(၉-၄-၂၀၂၀)ရက်နေ့မှ (၃၀-၄-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ် မှုများကြောင့် နေအိမ်(၂၂၈)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ် (၄၁၇၁)လုံးနှင့် ဘာသာရေးအဆောက်အဦ(၇၅)လုံး အမိုးအကာလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများ ထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ကျပ်(၂၂၃.၆)သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။

ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရပါသည်။

 

#ha_sgw
#may_2020

Source: MSWRR

Sign Up

Upcoming Events