COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ​ရေစကြို​​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀) ​ရက်​​နေ့ တွင် (၀၈:၀၀)နာရီမှစတင်၍ (၁၄:၀၀)နာရီအချိန်ထိ ရေစ​ကြို​မြို့​နယ်၊ ​တောင်ဦး​ကျေးရွာအုပ်စု၊​​​​ပေါက်ကန်ကျေးရွာ၊ အင်းဝကျေးရွာ၊ ​​​မေ​မြို့ကျေးရွာ၊​ တောင်ဦး​ကျေးရွာ၊ ခံစပ်​တောကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ရင့်ရော်ပင်ကျေးရွာနှင့် ​​​မြေမလှကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊​​အောက်စီဂျင်အခမဲ့ကူညီ​ရေးအသင်း၊ လူငယ်ကွန်ယက်အဖွဲ့တို့နှင့် ပူးပေါင်းကာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mgy_may2020

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events