ဒီးမော့ဆိုမြို့နယ်၊ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု ယူဆမိုဆိုကျေးရွာနှင့် ဒေါတဝီကျေးရွာ၊ နောင်ပုလဲကျေးရွာအုပ်စု၊ လေးမိုင်မြေနီကုန်းကျေးရွာ၊ မြလဲကျေးရွာအုပ်စု၊ ဆီးမီဆိုဒါးကျေးရွာ၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါဆီးအီကျေးရွာများရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kyh_may2020
Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events