ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ် (၁၀)ရပ်ကွက်များ၌ စူပါအယ်လ်နီညိုအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက် မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း - အိမ်မဲမြို့နယ်ရှိ ချောင်းဝရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်နှင့် အထက်ပိုင်းရပ်ကွက်တို့၌ စူပါအယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ လယ်ဝေးမြို့နယ်၊ ဥသျှစ်လှိုင်းကျေးရွာအုပ်စု၊ ဥသျှစ်လှိုင်းကျေးရွာ၊ ချင်ပြစ်ကျေးရွာ၊ ကျောက်မီးကူကျေးရွာ၊ ပေပင်ကျေးရွာ၊ ထိန်တောကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 Source:           ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • ငလျင်ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုကြောင့် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၌ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးဘေးသင့်ခဲ့ရာ  နေအိမ်(၁)လုံးလျှင် (၁၀၀,၀၀၀/-)ကျပ်နှုန်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်ကို (၂၁-၅-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_eqk #chn_may2020 Source:           ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လက်သန့်ဆေးရည်၊ နှာခေါင်းစည်းများထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာ့နှလုံးသားလူမှုဖွံ့ဖြိုးမှုအဖွဲ့(MHDO) တို့နှင့်ပူးပေါင်း၍  COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကွတ်ခိုင် မြို့နယ်အတွင်း IDP(camps) မုံးစီးကာသိုလိပ်ဘုရားကျောင်းရှိ အိမ်ထောင်စု (၂၃)စု၊ လူဦးရေ (၁၅၇)ဦး၊ မုံးစီးပန်ယန်ခါးရှိ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ (၃၁၉)ဦးတို့အတွက် (၁)ဦးလျှင် အဝတ်နှာခေါင်းစည်း (၂)ခုနှုန်းစီ၊ အိမ်ထောင်စု(၁)စုလျှင် ရေမလိုလက်သန့်ဆေးရည် (၂)ဘူးနှုန်းစီ စုစုပေါင်းအဝတ်နှာခေါင်းစည်း (၉၅၂)ခု၊ ရေမလိုလက်သန့်ဆေးရည် (၁၃၆)ဘူးတို့ကို ​ထောက်ပံ့​​ပေးခဲ့ပြီး အဝတ်နှာခေါင်းစည်းအား စနစ်တကျအသုံးပြုနည်း ဗီနိုင်းပိုစတာကပ်ခြင်းတို့ ဆောင်ရွက်​ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့သို့ PPE ဝတ်စုံနှင့် MASK များ လာရောက်လှူဒါန်း

    မေလ ၂၁ ရက်နေ့၊ နေပြည်တော် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေသော Volunteers များ အသုံးပြုရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးသို့ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ PPE ဝတ်စုံ(၂၀၀)နှင့် MASK (၅၀၀၀)နှင့် မွန်းလွဲပိုင်းတွင် “စု” အသက်မွေးဝမ်းကျောင်းသိပံ္ပကျောင်း(ရွှေပြည်သာ) နည်းပညာနှင့် ဘာသာစကားပညာဒါနသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် စေတနာ့ ဝန်ထမ်းများက IDP စခန်းနှင့် တိုက်ပွဲရှောင်စခန်းများအတွက် အဝတ်ပိတ် Mask (၇၀၀၀)ခုနှင့် Quarantine Center … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ စက္ကော့ရေလယ်ကျွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးအသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မြေအက်ကွဲကြောင်းများပေါ်ပေါက်လာမှုအခြေအနေအားကွင်းဆင်းစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းကျေးရွာအုပ်စု၊ ယင်းမူကုန်းကျေးရွာ၌ ပေါ်ပေါက်လာသော မြေအက်ကွဲကြောင်းနှင့် ဓါတ်ငွေ့များစိမ့်ထွက်လာမှုအကြောင်း သတင်းရရှိခဲ့ရာ ရွှေတောင်မြို့နယ် အထွေထွေအုက်ချုပ်ရေးဦးစီးဌာန၊ မြစ်ချောင်းဖြိုးဦးစီးဌာနနှင့် ပြည်တောင်တန်းရေနံမြေမှ ဘူမိဗေဒပညာရှင်များ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းလေ့လာဆန်းစစ်ခဲ့ပြီး ရပ်ရွာလူထုအား ဖြစ်စဉ်အားသုံးသပ်ပြခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရန်များအားရှင်းလင်းတင်ပြခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #lsd #bgo_may2020