မေလ ၂၁ ရက်နေ့၊ နေပြည်တော်
ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေသော Volunteers များ အသုံးပြုရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးသို့ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ PPE ဝတ်စုံ(၂၀၀)နှင့် MASK (၅၀၀၀)နှင့် မွန်းလွဲပိုင်းတွင် “စု” အသက်မွေးဝမ်းကျောင်းသိပံ္ပကျောင်း(ရွှေပြည်သာ) နည်းပညာနှင့် ဘာသာစကားပညာဒါနသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် စေတနာ့ ဝန်ထမ်းများက IDP စခန်းနှင့် တိုက်ပွဲရှောင်စခန်းများအတွက် အဝတ်ပိတ် Mask (၇၀၀၀)ခုနှင့် Quarantine Center များရှိ Volunteer များအတွက် Surgical Gown အစုံ(၁၀၀) တို့ကို လည်းကောင်း၊ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့မှ ဦးဟုတ်ဆန်း+ဒေါ်ကြင်ကြင်ရီ၊ ဦးအုန်းကျင်၊ ဦးသန်းဌေးအောင်+ မချိုချိုဝင်း၊ ကိုကျော်ကျော်အောင်+မခင်မိုးမိုး၊ ဒေါက်တာမိုးမြတ်ထွန်း+ ဒေါက်တာလင်းလင်းခိုင်၊ ဒေါက်တာအောင်ဇော်လင်း + ဒေါက်တာအိမွန်မွန်ကျော် (မိုးမိုးကျော် မိသားစု) က ငွေကျပ် သိန်း(၃၀) တန်ဖိုးရှိ Mask များနှင့် ဆေးတက္ကသိုလ်(မကွေး)စတုတ္ထအပတ်စဉ် ကျောင်းသားဟောင်းဆရာဝန်များအဖွဲ့က ငွေကျပ် သိန်း(၄၀)တန်ဖိုးရှိ Mask များကို လာရောက် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MSWRR
#hl1
#npw_may2020