လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာ့နှလုံးသားလူမှုဖွံ့ဖြိုးမှုအဖွဲ့(MHDO) တို့နှင့်ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကွတ်ခိုင် မြို့နယ်အတွင်း IDP(camps) မုံးစီးကာသိုလိပ်ဘုရားကျောင်းရှိ အိမ်ထောင်စု (၂၃)စု၊ လူဦးရေ (၁၅၇)ဦး၊ မုံးစီးပန်ယန်ခါးရှိ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ (၃၁၉)ဦးတို့အတွက် (၁)ဦးလျှင် အဝတ်နှာခေါင်းစည်း (၂)ခုနှုန်းစီ၊ အိမ်ထောင်စု(၁)စုလျှင် ရေမလိုလက်သန့်ဆေးရည် (၂)ဘူးနှုန်းစီ စုစုပေါင်းအဝတ်နှာခေါင်းစည်း (၉၅၂)ခု၊ ရေမလိုလက်သန့်ဆေးရည် (၁၃၆)ဘူးတို့ကို ထောက်ပံ့ပေးခဲ့ပြီး အဝတ်နှာခေါင်းစည်းအား စနစ်တကျအသုံးပြုနည်း ဗီနိုင်းပိုစတာကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)