ငလျင်ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုကြောင့် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၌ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးဘေးသင့်ခဲ့ရာ  နေအိမ်(၁)လုံးလျှင် (၁၀၀,၀၀၀/-)ကျပ်နှုန်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်ကို (၂၁-၅-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_eqk

#chn_may2020

Source:           ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events