လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၅.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ငှက်ပျောကျွန်းကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာ (၈) ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source:   ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၀.၅.၂၀၂၀)ရက်နေ့မနက်(၉:၀၀)မှနေ့လည်(၁၂:၃၀)အချိန်ထိ လိပ်သိုမြို့အတွင်းရှိကျေးရွာများဖြစ်သော ကျမိုင်းကျေးရွာ၊ ကျောက်ရှည်တောင်ကျေးရွာ၊ ကျောက်ဖျာကျေးရွာများသို့အသံချဲ့စက်ဖြင့် COVID-19 ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_may2020 Source:       သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု ၊ ကျေးရွာ(၂)ရွာတို့၌ (၁၉-၅-၂၀၂၀) ရက်‌နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀,၀၀၀/-)ကျပ်ကို (၂၀-၅-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ပြန်/ဆက်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2020 Source:           မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်၊ ကြိမ်ချောင်းပိုင်းကျေးရွာတွင် (၁၇.၅.၂၀၂၀) ရက် နေ့၌ ဖြစ်ပွားသောမီး​ဘေးကြောင့် ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀၀၀ဝ/-)၊ လူဦးရေ (၄) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၈၄၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)အိမ်ထောင်စာ (၆၄၇၀၆/-)နှင့် စုစုပေါင်းရန်ပုံငွေ (၂၀၈၄၀ဝ/-)အား (၁၉.၅.၂၀၂၀) ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ နေ့လည် (၁၂:၀၀)နာရီချိန်ထိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရွှေတောင်ဘိုကျေးရွာ၊ အကလောကျေးရွာ၊ ပြောင်မထိမ်ကျေးရွာများ၌ COVID-19 ကူးစက်မြန်အဆုတ်​ရောင်ရောဂါ ပြန့်ပွားမှုများမရှိစေရေးအတွက် ဆောင်ရန်/ရှောင်ရန်အား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူများသို့ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_may2020 Source:       ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့၊ ညနေ(၁၈း၀၀)နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ စမ်းဝအုပ်စုနှင့် ရေကျော်အုပ်စု၌ လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၂,၀၀၀ိ/-)ကျပ်နှင့် ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စု၊ ရွာသာယာကျေးရွာတွင် (၁၈-၅-၂၀၂၀) ရက်နေ့၊ ညနေ(၁၅း၃၀)နာရီအချိန် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၉၂,၀၀၀ိ/-)ကျပ်အား (၂၀-၅-၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာန ရုံးတွင် တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more