လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ လယ်ဝေးမြို့နယ်၊ ဥသျှစ်လှိုင်းကျေးရွာအုပ်စု၊ ဥသျှစ်လှိုင်းကျေးရွာ၊ ချင်ပြစ်ကျေးရွာ၊ ကျောက်မီးကူကျေးရွာ၊ ပေပင်ကျေးရွာ၊ ထိန်တောကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_may2020
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)