မြေအက်ကွဲကြောင်းများပေါ်ပေါက်လာမှုအခြေအနေအားကွင်းဆင်းစစ်ဆေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းကျေးရွာအုပ်စု၊ ယင်းမူကုန်းကျေးရွာ၌ ပေါ်ပေါက်လာသော မြေအက်ကွဲကြောင်းနှင့် ဓါတ်ငွေ့များစိမ့်ထွက်လာမှုအကြောင်း သတင်းရရှိခဲ့ရာ ရွှေတောင်မြို့နယ် အထွေထွေအုက်ချုပ်ရေးဦးစီးဌာန၊ မြစ်ချောင်းဖြိုးဦးစီးဌာနနှင့် ပြည်တောင်တန်းရေနံမြေမှ ဘူမိဗေဒပညာရှင်များ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းလေ့လာဆန်းစစ်ခဲ့ပြီး ရပ်ရွာလူထုအား ဖြစ်စဉ်အားသုံးသပ်ပြခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရန်များအားရှင်းလင်းတင်ပြခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#lsd
#bgo_may2020

Sign Up

Upcoming Events