လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ ရှင်ကြီးပျောက်ကျေးရွာအုပ်စု၊ ရှင်ကြီးပျောက်ကျေးရွာ၊ မအူပင်ဒေါင့်ကျေးရွာ၊ ကညင်ကွင်းကျေးရွာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာဝန်ရှိသူများနှင့်အတူ (၂၈-၅-၂၀၂၀)ရက်နေ့၌ (၁၁း၀၀)နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_may2020 Source:           သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သောက်သုံးရေ လှူဒါန်းထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံး ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကလိန်တောင်ကျေးရွာရှိ အိမ်ခြေ(၉၆)လုံး၊ အိမ်ထောင်စု(၁၀၈)စု၊ လူဦးရေ(၅၃၀)ဦးအတွက် အိမ်ထောင်စု(၁)စုလျှင် လီတာ(၂၀)ပါ ရေသန့်(၁)ဘူးနှုန်းဖြင့် (၇)ရက်စာ(၇၅၆)ဘူး တန်ဖိုး(၄၅၃၆၀၀)ကျပ်၊ သယ်ယူပို့ဆောင်ခ(၁၅၀၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး(၆၀၃၆၀၀)ကျပ်အား (၂၇.၅.၂၀၂၀)ရက်နေ့တွင် တောင်ကုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ကလိန်တောင်ကျေးရွာသူ‌ကျေးရွာသားများထဲသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_drg #rke_may2020 Source:           သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ

    မြန်မာနိုင်ငံတွင်ယခုကာလအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊မိုးသီးကြွေခြင်း များဖြစ်ပွားလျက်ရှိရာ  (၂၈-၅-၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်၊ ရေတာရှည်၊ သာယာဝတီ၊ လက်ပံတန်းနှင့် နတ္တလင်း မြို့နယ်တို့၌ နေအိမ်(၆၅)လုံးပြိုကျပျက်စီးပြီး၊ နေအိမ်(၅၅၀)လုံး၊ ဘာသာရေးအဆောက်အဦ (၁)လုံး အမိုးအကာလန်ပျက်စီးခြင်းနှင့် လူ(၁)ဦးသေဆုံးခြင်း၊ မကွေးတိုင်းဒေသကြီး၊မကွေး၊ မင်းလှနှင့် ချောက်မြို့နယ်တို့၌ နေအိမ်(၁)လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် မိုးနဲမြို့နယ်တို့၌နေအိမ်(၈)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာနှင့် ဟင်္သာတမြို့နယ်တို့၌ နေအိမ်(၁၆)လုံးပြိုကျ ပျက်စီးပြီး နေအိမ်(၁၈၂)လုံး အမိုးအကာလန်ပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ ထောက်ပံ့မှုများ အမြန်ဆုံးသွားရောက်ဆောင်ရွက်ခဲ့ပါသည်။ (၉-၄-၂၀၂၀)ရက်နေ့မှ (၂၉-၅-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် နေအိမ်(၉၄၂)လုံးနှင့် ဘာသာရေးအဆောက်အဦ(၆)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ်(၁၂၈၀၃)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂၄၂)လုံး … Read more

  • COVID -19 ကာလအတွင်း နေရပ်ပြန်နှင့် ကျေးလက်ဒေသနေ အမျိုးသမီးများအား ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စများ  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက  ညှိနှိုင်းဆွေးနွေး

    COVID-19 ကာလအတွင်း နေရပ်ပြန်နှင့်ကျေးလက်ဒေသနေ အမျိုးသမီးများအား ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စများကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အမျိုးသမီးအရေး တက်ကြွစွာဆောင်ရွက်ပေးနေကြသည့် ကော်မတီဝင်အမျိုးသမီးအဖွဲ့အစည်းများနှင့် ယနေ့မွန်းလွဲပိုင်းတွင် Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက COVID -19 ကာလအတွင်း မိမိတို့ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို ကျေးပွန်အောင်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထိခိုက်လွယ်အုပ်စုများတွင်ပါဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ တိုက်ပွဲရှောင်နှင့် IDP စခန်းနေသူများအတွက်လည်း စီမံချက်များဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် ၂၀၂၀ပြည့်နှစ်သည် ပေကျင်းကြေငြာစာတမ်း (၂၅)နှစ်ပြည့်မြောက်သောနှစ်ဖြစ်ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို စွမ်းစွမ်းတမံအရှိန်အဟုန်မြှင့် … Read more

  • မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းပိုစတာလဲလှယ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၂၀)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ရန်ကုန်-မြောင်းမြ-လပွတ္တာ အဝေးပြေးလမ်းမ၊ မီတာ(၄၀၀)ကားဝန်းအနီးတွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား လဲလှယ်ခဲ့ပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_may2020

  • Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ (၃၀.၅.၂၀၂၀)ရက်နေ့ (၈း၀၀)နာရီမှ (၄း၀၀)အချိန်ထိ လွိုင်လင်မြို့၊ ပန်ခေါက်ဝိုးကျေးရွာ Covid-19စစ်ဆေးရေးဂိတ်၌ ကျိုင်းတုံ-တောင်​ကြီး ပြည်ထောင်စုကားလမ်းမပေါရှိ ခရီးသွားပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 )အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းယူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_may2020 Source:           လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)