လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၅-၂၀၂၀)ရက်နေ့၊(၀၃း၀၀) နာရီအချိန်တွင် လေပြင်းဘေးတိုက်ခတ်မှုကြောင့် ရေစကြိုမြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပေါင်း(၂၀)တို့တွင် လူနေအိမ်ပြိုကျပျက်စီး(၃)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်(၁၁၃)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် လူဦးရေ(၅၀၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ အိမ်ထောင်စု(၃)စုစာ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၀၆၂,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃,၄၁၃,၅၀၀/-) ကျပ်၊စုစုပေါင်း (၄,၄၇၆,၁၀၀) ကျပ်အား (၁-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mgy_jun2020

Sign Up

Upcoming Events