Latest News
-
ရေဘေးပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၃၀.၅.၂၀၂၀)နေ့တွင် ဧရာဝတီမြစ်ရေမြင့်လာသောကြောင့် ဆိပ်ကမ်း၊ ကားဂိတ်၊ view point စသည့်နေရာတို့တွင် ရေဘေးပိုစတာများကပ်ခြင်း၊ ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီချိန်မှ (၁၂၀၀ )နာရီထိ ဇလွန်မြို့နယ်၊ ဗျင်းညားအုပ်စု၊ (ဗျင်းညား၊ အရှေ့စု၊အလယ်စု၊ဗျင်းညားကြီး) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID-19 ကူးစက်ရောဂါ နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၅.၂၀၂၀)ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ဗြတ်ဝိသားကျေးရွာ၊ အလယ်ကုန်းကျေးရွာနှင့် ဝင်းကဖော်ကျေးရွာတို့တွင် Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (မဒေါ့တလုတ်ကုန်း၊ မွှေးလုံး၊ ဇုက္ကနိ၊ ရိုးကြီး၊ ကိုင်းတောကွင်း၊ သဲဖြူ(ယုန်)၊ ဘေးချောင်၊ ရှားဖြူကုန်း)အုပ်စု (၈)စုရှိ ကျေးရွာခွဲ (၁၆)ရွာတို့တွင် (၂၈.၅.၂၀၂၀)ရက်နေ့ ဖြစ်ပွါးခဲ့သော လေဘေးသင့် အိမ်ခြေ(၇၃)လုံး၊ (ပြို. ၂၊ လန်. ၇၁)၊ ဘုန်းကြီးကျောင်း(၁)ကျောင်း၊ လူဦးရေ (၂၆၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၂၃၁၀၀၀၀)ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုးကျပ် (၅၅၀၂၀၀)ကိုလည်းကောင်း၊ ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျပ်(၅၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၉၁၀၂၀၀)ကို (၂၉.၅.၂၀၂၀)ရက်နေ့၊ (၁၆:၃၀)နာရီချိန်တွင် လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ … Read more
-
COVID-19 ကြိုတင်ကာကွယ်နိုင်ရေး ပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စုရပ်စခန်းများဖြစ်သော စေတီတောင်အုပ်စု၊ စေတီတောင်စုရပ်ရှိ အိမ်ထောင်စု (၆၂၄)၊ လူဦးရေ (၂၄၁၀)ဦးအား အဝတ်mask ၄၈၂၀ခု၊ Hand Speaker ၁ခု၊ Memory Stick၁ခု၊ vinyl ၁ခု၊ Thermal sensar ၁ခု၊ Hand Gel (၆၂၄)ဘူးအားလည်းကောင်း၊ ဖုံညိုလိပ်အုပ်စု၊ ဖုံညိုလိပ် ဘင်္ဂါလီစုရပ်ရှိ အိမ်ထောင်စု (၅၉)၊ လူဦးရေ (၅၆၉)ဦးအား အဝတ်mask ၁၁၃၈ခု၊ Hand Speaker ၁ခု၊ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး၊ လဝကဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် (၂၇/၂၈-၅-၂၀၂၀)ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုခံစားခဲ့ ရသော ကျေးရွာအုပ်စု (၈) စုရှိ အမိုးလန်နေအိမ် (၉၆)လုံးနှင့် ပြိုလဲနေအိမ် (၄)လုံးရှိ အိမ်ထောင်စု (၁၀၀)အား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၉၂၉,၀၀၀/-) ကျပ် နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀) ကျပ် စုစုပေါင်း ( ၂,၈၅၂,၁၀၀/-) ကျပ်နှင့် … Read more









