ဇွန် ၁၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
ယနေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ (၃) ရပ်ကွက် ကာသိုလိပ် ဘုရားကျောင်း၊ ကာလိုင် (၁) နှင့် ကာလိုင် (၂) စုစုပေါင်း IDP စခန်း (၃) ခုသို့သွားရောက်၍ Hand Speaker (၃) ခုနှင့် COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၃) ခုတို့ကို သွားရောက်ထောက်ပံ့ခဲ့ပါသည်။
(၃၀-၅-၂၀၂၀) ရက်နေ့ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စေတီတောင် နှင့် ဖုံညိုလိပ် စုစုပေါင်း ယာယီတိုက်ပွဲရှောင်စခန်း (၂) ခုသို့ သွားရောက်၍ အဝတ် Mask (၅၉၅၈) ခု၊ အပူချိန်တိုင်းကိရိယာ (၁) ခု၊ လက်သန့်ဆေးရည် (၆၂၄) ဗူး၊ Hand Speaker (၂) ခု၊ COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၂) ခုနှင့် ဗီနိုင်း (၂) ချပ်တို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ်
ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: MSWRR
#ha_otr
#npw_jun2020