လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၅-၂၀၂၀)ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရုံးတောအုပ်စု၊ ကန်တောင်အုပ်စု၊ ကွက်ငယ်အုပ်စု၊ ဂဠုန်ကုန်းအုပ်စုနှင့် နန်းတော်ကုန်းရပ်ကွက် နယ်မြေ(၇)တို့တွင် ဖြစ်ပွားခဲ့သောလေဘေးသင့် အမိုးလန်အိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၂၅၈၀၀)ကျပ်၊ လူဉီးရေ(၃၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆၉၃၀၀)ကျပ်တို့ကို (၁-၆-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_jun2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)