လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀)ရက်နေ့၊(၃၀-၅-၂၀၂၀)ရက်နေ့နှင့်(၃၁-၅-၂၀၂၀)ရက်နေ့တို့တွင် သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကွမ်းသီးခြံကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ရေကျော်လေးကျေးရွာ၊ ကျီးပင် ကျေးရွာအုပ်စု၊ ကြွက်ကျွန်းကျေးရွာ၊ အနောက်စုကျေးရွာ၊ ဒရယ်ကူးကျေးရွာ၊ ရသေ့ကုန်းကျေးရွာ၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ၊ ပျဉ်းမထူံးကျေးရွာအုပ်စု၊ သူဌေးစမ်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံး၊ အမိုးလန်ပျက်စီးအေိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၄၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀၀၈၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၇၅၀၈၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာ(၁၀၄၂၅၉/-)နှင့် မိုးကြိုးဘေးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀၀ိ/-)အား (၁-၆-၂၀၂၀) ရက်နေ့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တကွတာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_ sgw
#ha_tls
#ayy_jun2020