စလင်းမြို့နယ် လေပြင်းဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျေးရွာ(၁၄)ရွာတို့၌ (၂၈/၂၉/၃၁-၅-၂၀၂၀) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့်အိမ်ခြေ(၂၈)လုံး၊ အိမ်ထောင်စု(၂၈)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၃၃၀,၀၀၀) ကျပ်၊ လူဦးရေ (၁၂၀) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၈၂,၀၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၇)စာတို့အား (၁-၆-၂၀၂၀)ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_jun2020
Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events