Latest News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ ဘောတလင်းကုန်းကျေးရွာ၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ဗြန့်ကြီးကျေးရွာအုပ်စု၊ အရှေ့ထန်းတပင်ကျေးရွာ၊ ကျီးပင်ကျေးရွာအုပ်စု၊ ကြွက်ကုန်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ရုံးပင်လေးကျေးရွာ၊ လယ်တီလေးကျေးရွာ၊ ကြိုးကြာကွင်းကျေးရွာ၊ မရမ်းကုန်းကျေးရွာ၌(၂၈-၅-၂၀၂၀)တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၆)လုံး၊ အမိုးလန်ပျက်စီးအေိမ်(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀ဝိ/-)၊ လူဦးရေ(၇၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၅၅၄၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၃၅၅၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆.)မျိုး (၆)အိမ်ထောင်စာ(၂၀၈၅၁၈/-)အား (၃၀-၅-၂၀၂၀) ရက်နေ့(၀၉း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွတာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာအုပ်စု၊ ကန်ချောင်ကျေးရွာအုပ်စု၊ နွားရေတိုက်ကျေးရွာအုပ်စု၊ ဝါးရုံလဟာကျေးရွာအုပ်စု၊ ပိတောက်ချောင်ကျေးရွာအုပ်စု၊ ကညင်ဂွကျေးရွာအုပ်စု၊ ကျုံပဒုတ်ကျေးရွာအုပ်စု၊ ဗထူးလမ်းနှင့် ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်၊ ရှေ့ဆောင်ရပ်ကွက်၊ ကွင်းလျားကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြက်တိုကျေးရွာအုပ်စုတို့တွင်(၂၈.၅.၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၉၁၀၀၀ဝိ/-)၊ ပြိုကျ/ပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၆၀၀၀၀ဝိ/-)၊ စုစုပေါင်းလူဦးရေ(၁၀၂)ဦးအတွက်(၇)ရက်စာရန်ပုံငွေ(၂၁၄၂၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၆)အိမ်ထောင်စာ(၂၀၈၅၁၈/-)နှင့် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၇၂၄၂၀ဝိ/-)အား (၃၀.၅.၂၀၂၀)ရက်နေ့ (၀၉:၀၀ နာရီမှ (၁၇:၃၀)နာရီအတွင်း တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
school cum shelter တည်ဆောက်ပြီးစီးမှုအခြေအနအားစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့နှင့်လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ(၃၁-၅-၂၀၂၀) ရက်နေ့၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြစ်Excellent Unity ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော လပွလပွတ္တာမြို့နယ်၊ ဆားချက်ကျေးရွာအုပ် စု၊ ဘိုသင်ကုန်းကျေးရွာမှ school cum shelter တည်ဆောက်မှု ၁၀၀% တည်ဆောက်ပြီးစီးမှု အခြေအနေအားသွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ #infra_dev #ayy_may2020
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၃၀.၅.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ လေမအန်းခူကျေးရွာ၊ ဒေါဝယ်ကူးကျေးရွာ၊ ခူးဘာတိုကျေးရွာ၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ဒိုင်းလင်းအေးသာကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်၌ (၂၁.၅.၂၀၂၀)ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျဉ်ထောင်/သွပ်မိုး(၂)ထပ် နေအိမ်လုံးဝပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝိ/)နှင့် ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၄၂၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၂၀၄၂၀၀/-) ကို (၃၀.၅.၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #rke_may2020 Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှုးရုံး၊ (၂၉.၅.၂၀၂၀) ရက်နေ့မောတောင်မြို့အမှတ် (၁၊ ၂၊ ၃၊ ၅၊ ၆၊ ၈၊ ၉)၊ မြို့မ (၁၊ ၂)ရပ်ကွက်များတွင် covid-19 အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာများကပ်တို့ကို မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ စည်ပင်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များနှင့်အတူ နံနက်(၈း၀၀)အချိန်မှ ညနေ (၁၆း၃၀)အချိန်ထိဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









