
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုအုပ်စု၊ သခင်ဖိုးလှကြီးရပ်ကွက်တွင် (၃၁-၅-၂၀၂၀)နေ့ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန် အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀ိ/-) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၄၂,၆၀၀ိ/-) ကျပ်တို့အား (၂-၆-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့် ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: : ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_jun2020