လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့ မိုင်းဆတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သောလေပြင်းဘေးကြောင့် နားလောင်းကျေးရွာတွင် အမိုးလန်အိမ်ခြေ (၃)လုံးနှင့် မယ်ကော် (၂)ကျေးရွာတွင် အမိုးလန်အိမ်ခြေ (၂)လုံးအတွက် အိမ်‌ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၃၈၃၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ထောင်စု (၂) စုစာအား (၁-၆-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#shn_jun2020

Source:           မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events