Latest News
-
လေဘေးသင့်ပြည်သူနှင့် မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀)ရက်နေ့၊(၃၀-၅-၂၀၂၀)ရက်နေ့နှင့်(၃၁-၅-၂၀၂၀)ရက်နေ့တို့တွင် သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကွမ်းသီးခြံကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ရေကျော်လေးကျေးရွာ၊ ကျီးပင် ကျေးရွာအုပ်စု၊ ကြွက်ကျွန်းကျေးရွာ၊ အနောက်စုကျေးရွာ၊ ဒရယ်ကူးကျေးရွာ၊ ရသေ့ကုန်းကျေးရွာ၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ၊ ပျဉ်းမထူံးကျေးရွာအုပ်စု၊ သူဌေးစမ်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံး၊ အမိုးလန်ပျက်စီးအေိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၄၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀၀၈၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၇၅၀၈၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာ(၁၀၄၂၅၉/-)နှင့် မိုးကြိုးဘေးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀၀ိ/-)အား (၁-၆-၂၀၂၀) ရက်နေ့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၅-၂၀၂၀)ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရုံးတောအုပ်စု၊ ကန်တောင်အုပ်စု၊ ကွက်ငယ်အုပ်စု၊ ဂဠုန်ကုန်းအုပ်စုနှင့် နန်းတော်ကုန်းရပ်ကွက် နယ်မြေ(၇)တို့တွင် ဖြစ်ပွားခဲ့သောလေဘေးသင့် အမိုးလန်အိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၂၅၈၀၀)ကျပ်၊ လူဉီးရေ(၃၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆၉၃၀၀)ကျပ်တို့ကို (၁-၆-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_jun2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၅-၂၀၂၀)ရက်နေ့၊(၀၃း၀၀) နာရီအချိန်တွင် လေပြင်းဘေးတိုက်ခတ်မှုကြောင့် ရေစကြိုမြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပေါင်း(၂၀)တို့တွင် လူနေအိမ်ပြိုကျပျက်စီး(၃)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်(၁၁၃)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် လူဦးရေ(၅၀၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ အိမ်ထောင်စု(၃)စုစာ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၀၆၂,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃,၄၁၃,၅၀၀/-) ကျပ်၊စုစုပေါင်း (၄,၄၇၆,၁၀၀) ကျပ်အား (၁-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ရေစကြိုမြို့နယ်ဦးစီးမှူးရုံး … Read more
-
လေဘေး ထောက်ပံ့ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျေးရွာအုပ်စု(၆)၊ ကျေးရွာ(၆)ရွာတို့တွင် (၃၁-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၂၅၀၀၀) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀၃၀၀)ကျပ်၊ စုစုပေါင်း(၆၁၅၃၀၀)ကျပ် တို့အား ၁-၆-၂၀၂၀ ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_jun2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၂၀) ရက်နေ့၊ (၁၈:၁၀)အချိန်၌ ကျောက်ပန်းတောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် မင်းခေါင်း (မ)ကျေးရွာအုပ်စု၊ စမ်းပွင့်ကျေးရွာမှ လူနေအိမ် (၁) လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါ လေဘေးသင့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၀,၅၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၈၀,၅၀၀/-)ကျပ်တို့ကို (၁-၆-၂၀၂၀)ရက်နေ့၊ (၁၃:၃၀) နာရီအချိန်၌ ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more
-
မိုးကြိုးဘေးသင့် ထောက်ပံ့ခြင်းနှင့် လေပြင်းဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမ့ခန့်ခွဲမှုဦးစီးဌာ၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ (၃၀-၅-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာအုပ်စု၊ လွယ်ဆိုင်ကျေးရွာတွင် မိုးသက်လေပြင်းကျ၍ မိုးကြိုးပစ်ပြီး မီးလောင်သွားသည့် လူနေအိမ်(၁)လုံး၊ ပြိုကျသွားသည့် လူနေအိမ်(၁၂)လုံး၊ အမိုးလန်သွားသည့် ဘာသာရေးကျောင်း/လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၄)သိန်း(၈)သောင်းကျပ်နှင့် လူဦးရေ(၇၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၁၂၀၀)ကျပ်၊ စုစုပေါင်း(၁၆၃၁၂၀၀/-) (တစ်ဆယ့်ခြောက်သိန်းသုံးသောင်းတစ်ထောင့်နှစ်ရာကျပ်တိတိ)နှင့် မီးလောင်/ပြိုကျနေအိမ်(၁၃)လုံးအတွက် (၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်း(၁၃)ပုံးတို့အား (၁.၆.၂၀၂၀)ရက်နေ့ (၃း၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls/sgw #shn_jun2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









