လေဘေး ထောက်ပံ့ခြင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျေးရွာအုပ်စု(၆)၊ ကျေးရွာ(၆)ရွာတို့တွင် (၃၁-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့်​ အမိုးလန်အိမ်ခြေ (၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၂၅၀၀၀) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀၃၀၀)ကျပ်၊ စုစုပေါင်း(၆၁၅၃၀၀)ကျပ် တို့အား ၁-၆-၂၀၂၀ ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_jun2020

Source:           မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events