လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၂၀) ရက်နေ့၊ (၁၈:၁၀)အချိန်၌ ကျောက်ပန်းတောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် မင်းခေါင်း (မ)ကျေးရွာအုပ်စု၊ စမ်းပွင့်ကျေးရွာမှ လူနေအိမ် (၁) လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါ လေဘေးသင့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၀,၅၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၈၀,၅၀၀/-)ကျပ်တို့ကို (၁-၆-၂၀၂၀)ရက်နေ့၊ (၁၃:၃၀) နာရီအချိန်၌ ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mdy_jun2020

Sign Up

Upcoming Events