လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမ့ခန့်ခွဲမှုဦးစီးဌာ၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ (၃၀-၅-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာအုပ်စု၊ လွယ်ဆိုင်ကျေးရွာတွင် မိုးသက်လေပြင်းကျ၍ မိုးကြိုးပစ်ပြီး မီးလောင်သွားသည့် လူနေအိမ်(၁)လုံး၊ ပြိုကျသွားသည့် လူနေအိမ်(၁၂)လုံး၊ အမိုးလန်သွားသည့် ဘာသာရေးကျောင်း/လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၄)သိန်း(၈)သောင်းကျပ်နှင့် လူဦးရေ(၇၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၁၂၀၀)ကျပ်၊ စုစုပေါင်း(၁၆၃၁၂၀၀/-) (တစ်ဆယ့်ခြောက်သိန်းသုံးသောင်းတစ်ထောင့်နှစ်ရာကျပ်တိတိ)နှင့် မီးလောင်/ပြိုကျနေအိမ်(၁၃)လုံးအတွက် (၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်း(၁၃)ပုံးတို့အား (၁.၆.၂၀၂၀)ရက်နေ့ (၃း၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls/sgw
#shn_jun2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)