Category Archives: News
-
ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ မြစိမ်းကန်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ မြစိမ်းကန်ကျေးရွာ၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း”ကို (၁၄-၃-၂၀၁၇) ရက်နေ့မှ (၁၆-၃-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ ယင်းသင်တန်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ သရုပ်ပြလေ့ကျင့်ခြင်း Table Top Exercise များဖြင့် လေ့ကျင့်ပို့ချပေးခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ၊ အထောက်အကူပြုပစ္စည်းများ၊ ရေဒီယို၊ Hand Speaker၊ လက်နှိပ်မီး၊ မိုးကာ၊ ကျောပိုးအိတ်၊ တီရှပ်၊ ဦးထုပ်များ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစာများနှင့် နံရံကပ်ပိုစတာများလည်း ဝေငှပေးခြင်း၊ မီးသတ်ဦးစီးဌာနမှလည်း မီးသတ်ဆေးဘူးဖွင့်ပြီး မီးငြိမ်းသတ်မှုအား လက်တွေ့သရုပ်ပြသခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်၊ စျေးတန်း(ကွက်သစ်ရပ်) တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၁၇) ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတားဆီးရေးအဖွဲ့နှင့်ပူးပေါင်း၍ စျေးတန်း (ကွက်သစ်ရပ်) ရှိပြည်သူများအား ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်အကြောင်းအရာများဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ပြည်သူလူထု စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ ထို့ပြင် ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ပိုစတာများအား တာဝန်ရှိသူထံသို့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်တွင် (၁၈-၃-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေး၌ ဘေးသင့်အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၈၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၂) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၈၀၁၀၀/-) နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၅၅၀၀၀၀/-) အား (၁၉-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ကျန်တောကျေးရွာနှင့် ကျောက်ပုံကျေးရွာတွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ရွာငံမြို့နယ်၊ ကျန်တောကျေးရွာ၌လည်းကောင်း နေ့လည်ပိုင်းတွင် ရွာငံမြို့နယ်၊ ကျောက်ပုံကျေးရွာ၌လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား (၃၇၅) ဦး ခန့်တက်ရောက်ခဲ့ပြီး လေဘေး၊ ရေဘေး၊ ငလျင်ဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များနှင့် DAN mobile application ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဦးဆောင်မှုဖြင့်သာပေါင်းမြို့နယ် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့်ကရုဏာစည်းလုံး ညီညွတ်ရေးအသင်း (KMSS) တို့ပူးပေါင်း၍ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒညှင်းကုန်းကျေးရွာအုပ်စု၊ ကုန်းတန်းကြီးကျေးရွာ၌ (၁၇-၃-၂၀၁၇) ရက်နေ့ (၀၉းဝ၀) နာရီအချိန်မှစတင်၍ ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ပါသည်။ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းသို့ ကုန်းတန်းကြီးကျေးရွာ သဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်ကျေးရွာရှိ ပြည်သူလူထု (၄၅၀) ဦး တက်ရောက်ခဲ့ပြီး သာပေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုး၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်၊ ဧရာဝတီတိုင်းဒေသကြီးမိုးလေဝသနှင့် … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်တွင် (၁၅-၃-၂၀၁၇)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့် အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ Care Myanmar Family Kits၊ ဆီ၊ ရေသန့်၊ ရေပုံးခွံတို့ကို (၁၆-၃-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ပါ သက်ကြီးပင်စင်ထောက်ပံ့မှု အစီအစဉ် ရှင်းလင်းဆွေးနွေးမှုသတင်း
နေပြည်တော်၊ မတ်လ (၁၆)ရက် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ဖြစ်စေရေး၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရေး လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများကို အသုံးပြုဖော်ဆောင်ရမှာဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)နှစ်အရွယ်အထိ ကလေးသူငယ်များကို ထောက်ပံ့ငွေပေးအပ်ခြင်း၊ ယင်းထောက်ပံ့ငွေကို အသက်ပိုကြီးသော ကလေးများအတွက် အဆင့်ဆင့်တိုးချဲ့ပေးအပ်ခြင်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးသော အစီအစဉ်များဆောင်ရွက်ခြင်း၊ အများပြည်သူအလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကြောင်းပညာရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ လူမှုရေးပင်စင်အစီအစဉ် ဆောင်ရွက်ခြင်း၊ သက်ကြီးသူချင်း ကူညီစောင့် ရှောက်ရေးအဖွဲ့များအား ထောက်ပံ့ခြင်း၊ ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ စသည့်လုပ်ငန်းစဉ်(၈)ရပ်ပါရှိသော … Read more
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် တွင် (၁၇-၃-၂၀၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးဘေးသင့်အိမ်ခြေ (၄)လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၈)စုစာ၊ ဆန်ရိက္ခာ(၃)ရက်စာ (၂၇၀၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ် တို့ကို (၁၈-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၇၀)ရပ်ကွက်တွင် (၁၅-၃-၂၀၁၇) ရက်နေ့ကမီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ (၃၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၁၉၀၀)ကျပ်နှင့် Care Myanmar Family Kits တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









