ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

19_Pic_01 19_Pic_02 19_Pic_03
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဦးဆောင်မှုဖြင့်သာပေါင်းမြို့နယ် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့်ကရုဏာစည်းလုံး ညီညွတ်ရေးအသင်း (KMSS) တို့ပူးပေါင်း၍ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒညှင်းကုန်းကျေးရွာအုပ်စု၊ ကုန်းတန်းကြီးကျေးရွာ၌ (၁၇-၃-၂၀၁၇) ရက်နေ့ (၀၉းဝ၀) နာရီအချိန်မှစတင်၍ ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ပါသည်။

ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းသို့ ကုန်းတန်းကြီးကျေးရွာ သဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်ကျေးရွာရှိ ပြည်သူလူထု (၄၅၀) ဦး တက်ရောက်ခဲ့ပြီး သာပေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုး၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်၊ ဧရာဝတီတိုင်းဒေသကြီးမိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်၊ သာပေါင်း မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်ကရုဏာစည်းလုံး ညီညွတ်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်အား ပေးခဲ့ပါသည်။

သာပေါင်းမြို့နယ်သည် နှစ်စဉ်ရေလွှမ်းမိုးခြင်းကို ခံစားရသော မြို့နယ်တစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် အဆိုးရွားဆုံးခံစားရသော နှစ်တစ်နှစ်ဖြစ်ခဲ့ရာ ရေလွှမ်းမိုးမှုကြောင့် ပြည်သူ များဘေးဒုက္ခမှလျော့နည်းသက်သာစေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင် ကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို တစ်ဦးတစ်ယောက်ချင်းမှ အဖွဲ့လိုက်စနစ်တကျဖြင့်ပြည်သူများပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းကြောင့် ရလာဒ်အဖြစ် ရပ်ရွာပြည်သူလူထုနှင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးမှသည် နိုင်ငံတော် အဆင့်အထိ အစိုးရ၏ သဘာဝဘေး ကြိုတင်ပြင်ဆင်မှုအားကောင်း လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events