ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၇၀)ရပ်ကွက်တွင် (၁၅-၃-၂၀၁၇) ရက်နေ့ကမီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ (၃၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၁၉၀၀)ကျပ်နှင့် Care Myanmar Family Kits တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။