ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစာများနှင့် နံရံကပ်ပိုစတာများလည်း ဝေငှပေးခြင်း၊ မီးသတ်ဦးစီးဌာနမှလည်း မီးသတ်ဆေးဘူးဖွင့်ပြီး မီးငြိမ်းသတ်မှုအား လက်တွေ့သရုပ်ပြသခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)