ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်တွင် (၁၅-၃-၂၀၁၇)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့် အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ Care Myanmar Family Kits၊ ဆီ၊ ရေသန့်၊ ရေပုံးခွံတို့ကို (၁၆-၃-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။