ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်၊ စျေးတန်း(ကွက်သစ်ရပ်) တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

19_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၁၇) ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတားဆီးရေးအဖွဲ့နှင့်ပူးပေါင်း၍ စျေးတန်း (ကွက်သစ်ရပ်) ရှိပြည်သူများအား ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်အကြောင်းအရာများဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ပြည်သူလူထု စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ ထို့ပြင် ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊  ပိုစတာများအား တာဝန်ရှိသူထံသို့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events