ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်တွင် (၁၈-၃-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေး၌ ဘေးသင့်အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၈၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၂) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၈၀၁၀၀/-) နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၅၅၀၀၀၀/-) အား (၁၉-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events