ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ကျန်တောကျေးရွာနှင့် ကျောက်ပုံကျေးရွာတွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

19_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ရွာငံမြို့နယ်၊ ကျန်တောကျေးရွာ၌လည်းကောင်း နေ့လည်ပိုင်းတွင် ရွာငံမြို့နယ်၊ ကျောက်ပုံကျေးရွာ၌လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား (၃၇၅) ဦး ခန့်တက်ရောက်ခဲ့ပြီး လေဘေး၊ ရေဘေး၊ ငလျင်ဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များနှင့် DAN mobile application ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

 

 

 

Sign Up

Upcoming Events