ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ မြစိမ်းကန်ကျေးရွာ၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း”ကို (၁၄-၃-၂၀၁၇) ရက်နေ့မှ (၁၆-၃-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ ယင်းသင်တန်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ သရုပ်ပြလေ့ကျင့်ခြင်း Table Top Exercise များဖြင့် လေ့ကျင့်ပို့ချပေးခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ၊ အထောက်အကူပြုပစ္စည်းများ၊ ရေဒီယို၊ Hand Speaker၊ လက်နှိပ်မီး၊ မိုးကာ၊ ကျောပိုးအိတ်၊ တီရှပ်၊ ဦးထုပ်များ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)