Category Archives: News
-
ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုအခြေအနေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိခြင်း
– ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း(၂-၄-၂၀၁၇)နေ့ (၂၃:၃၀)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေထိုင်သည့်အိမ်(၃၅)လုံး၊ လူနေထိုင်ခြင်းမရှိသည့်အိမ် (၅) လုံး၊ စုစုပေါင်းနေအိမ်(၄၀)လုံးနှင့် ဌာနဆိုင်ရာရုံး(၁)ရုံး၊ အများပြည်သူပိုင်စျေး(၁)ခုတို့ အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းများကို(၅-၄-၂၀၁၇) နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပေးပို့ထောက်ပံ့ခဲ့ပါသည်။ – ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ လွယ်လွမ့်ကျေးရွာ၌ (၂-၄-၂၀၁၇)နေ့ (၀၅:၀၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁၂) စုမှ လူဦးရေ စုစုပေါင်း(၄၆)ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အလားတူ လားရှိုးမြို့၊ ကောင်းခံကျေးရွာ၌ … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms.RenataDessallien ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဧပြီလ (၅) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ၊ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ယနေ့နံနက်ပိုင်း တွင် အဆိုပါဝန်ကြီးရုံးရှိမေခလာခန်းမတွင် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms.RenataDessallien ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါ သည်။ ထိုသို့တွေ့ဆုံရာတွင်Ms.RenataDessallienက နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အကြားပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် ပထမ ဦးစွာ ရခိုင်ပြည်နယ်တွင် ထိခိုက်လွယ်မှုဆန်းစစ်ချက်များကို ပူးတွဲဆောင်ရွက်ရေး အတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အကြိုအစည်းအဝေးတစ်ရပ်ပြုလုပ်ရေး၊ ထိုမှတဆင့်ပူးတွဲဆန်းစစ်ချက်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စား လှယ်များပါဝင်သော (၂) ရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပရေးဆွေးနွေးခဲ့ပြီး … Read more
-
လာအိုနိုင်ငံ၊ Vientiane မြို့၌ (၇)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး၊ (၃၀)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများ တက်ရောက်ပြီးစီးမှု
လာအိုနိုင်ငံ၊ Vientiane မြို့၌ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး၊ (၃၀)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် မြန်မာကိုယ်စားလှယ်(၂)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ (၇)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ … Read more
-
လားရှိုးမြို့နယ်၊ နောင်ဖော့ကျေးရွာအုပ်စု၊ လွယ်လွမ့်ကျေးရွာ လေပြင်းဘေးသင့်သူများအား ထောက်ပံ့ပြီးစီးမှု
(၂-၄-၂၀၁၇) ရက်နေ့ (၀၅:ဝဝ)နာရီအချိန်တွင် လားရှိုးမြို့နယ်၊ နောင်ဖော့ကျေးရွာအုပ်စု၊ လွယ်လွမ့်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ (၁၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးအား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၅-၄-၂၀၁၇)ရက်နေ့ (၁၀:၃၀)နာရီတွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source : လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာအုပ်စု၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်းမဘေးရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၁၇) ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာအုပ်စု၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်းမဘေးရှိ ကျူးကျော်တဲမီးဘေးသင့် အိမ်ခြေ (၂၆) အိမ်ထောင်စု (၂၈) စုမှ လူဦးရေ (၉၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား မီးဘေးသင့်ပြည်သူများထံသို့ (၄-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်များနှင့် မိတ်ဆက်ပွဲအခမ်းအနား ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၇) ရက်နေ့တွင် UNDP,UNICEF,UNV အဖွဲ့တို့နှင့် ပူးပေါင်း၍ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်များနှင့် မိတ်ဆက်ပွဲအခမ်းအနားအား မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မော်လမြိုင်မြို့မှ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦးနှင့် ချောင်းဆုံမြို့နယ်မှ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းအခြေအနေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိခြင်း
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် ဧပြီလ(၂)ရက်နှင့် (၃)ရက်နေ့များအတွင်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် – – ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်တွင် နေအိမ်(၇)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၉)လုံး တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့ကာ အိမ်ထောင်စု (၁၆)စုမှ လူဦးရေ(၅၈)ဦးဘေးသင့်ခဲ့ခြင်း၊ – ရှမ်းပြည်နယ်၊ သိန္ဒီမြို့နယ်တွင် နေအိမ်(၄)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ခြင်း၊ – ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် နေအိမ်(၂)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁၀)စု ဘေးသင့်ခဲ့ခြင်း၊ – ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် နေအိမ်(၂၇)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ခြင်း၊ – ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် (၂-၄-၂၀၁၇)နေ့တွင် ဖြစ်ပွားခဲ့သော မိုးသီးကြွေကျမှုကြောင့် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ကျေးရွာများအား လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ရေနီကျေးရွာမှ အိမ်ထောင်စု (၃) စုနှင့် သံပုရာကျေးရွာမှ အိမ်ထောင်စု (၃) စု လေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၆) အိမ်ထောင်စုစာတို့အား (၄-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၄) ရက်၊(၁၃:ဝ၀) နာရီ အချိန်တွင် ထူးခြားမြစ်ရေအခြေအနေသတင်း
ဧရာဝတီမြစ်ရေသည် ၂၀၁ရခုနှစ်၊ ဧပြီလ(၂)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် ကသာမြို့၌ (၂)ရက်အတွင်း (၆)ပေခွဲခန့် မြင့်တက်ခဲ့ပြီး (၄-၄-၂၀၁၇)ရက်နေ့ (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ (၁)ပေခန့် ကျဆင်းခဲ့ပါသည်။ အဆိုပါ မြစ်ရေသည် သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၃)ရက်အတွင်း (၂)ပေမှ (၆)ပေခွဲခန့် မြင့်တက်ခဲ့ပါသည်။ ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် နောက်(၁) ရက်မှ (၃) ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၁)ပေခွဲမှ (၄)ပေခန့်နှင့် နောက်(၁)ရက်မှ (၆)ရက်အတွင်း … Read more









