(၂-၄-၂၀၁၇) ရက်နေ့ (၀၅:ဝဝ)နာရီအချိန်တွင် လားရှိုးမြို့နယ်၊ နောင်ဖော့ကျေးရွာအုပ်စု၊ လွယ်လွမ့်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ (၁၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးအား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၅-၄-၂၀၁၇)ရက်နေ့ (၁၀:၃၀)နာရီတွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source : လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)