လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းအခြေအနေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိခြင်း

a b c d e f g h i j k l m n o p q r s t u

တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် ဧပြီလ(၂)ရက်နှင့် (၃)ရက်နေ့များအတွင်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် –

– ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်တွင် နေအိမ်(၇)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၉)လုံး တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့ကာ အိမ်ထောင်စု (၁၆)စုမှ လူဦးရေ(၅၈)ဦးဘေးသင့်ခဲ့ခြင်း၊

– ရှမ်းပြည်နယ်၊ သိန္ဒီမြို့နယ်တွင် နေအိမ်(၄)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ခြင်း၊

– ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် နေအိမ်(၂)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁၀)စု ဘေးသင့်ခဲ့ခြင်း၊

– ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် နေအိမ်(၂၇)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ခြင်း၊

– ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် (၂-၄-၂၀၁၇)နေ့တွင် ဖြစ်ပွားခဲ့သော မိုးသီးကြွေကျမှုကြောင့် နေအိမ်(၁၁၈)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ခြင်း၊

– စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် ကျွန်းလှ မြို့နယ်တွင် နေအိမ်(၁၄၉)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး လူဦးရေ(၆၈၉)ဦး ဘေးသင့်ခဲ့ခြင်း၊ ထီးချိုင့်မြို့နယ်တွင် နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ခြင်း၊ ဗန်းမောက်မြို့နယ်တွင် ဘုန်းကြီးကျောင်း(၁)ကျောင်း တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ခြင်း၊ ကောလင်းမြို့နယ်တွင် နေအိမ် (၁၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး လူဦးရေ(၈၂)ဦး ဘေးသင့်ခဲ့ခြင်း၊ ဝန်းသိုမြို့နယ်တွင် နေအိမ်(၇၇)လုံးနှင့် ဘုန်းကြီးကျောင်း(၃)ကျောင်း တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၇၇)စုမှ လူဦးရေ(၃၂၈)ဦး ဘေးသင့်ခဲ့ခြင်း၊ တန့်ဆည်မြို့နယ်တွင် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိိမ်(၁၉)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကာ အိမ်ထောင်စု(၂၀)စုမှ လူဦးရေ(၉၄)ဦးဘေးသင့်ခဲ့ခြင်း၊ ကသာမြို့နယ်တွင် နေအိမ်(၂၇)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ခြင်း၊

– ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၈၆)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ခြင်း တို့ဖြစ်ပွားခဲ့ပါသည်။

အဆိုပါဘေးများကြောင့် ထိခိုက်ခံစားရသောပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events