ဧရာဝတီမြစ်ရေသည် ၂၀၁ရခုနှစ်၊ ဧပြီလ(၂)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် ကသာမြို့၌ (၂)ရက်အတွင်း (၆)ပေခွဲခန့် မြင့်တက်ခဲ့ပြီး (၄-၄-၂၀၁၇)ရက်နေ့ (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ (၁)ပေခန့် ကျဆင်းခဲ့ပါသည်။ အဆိုပါ မြစ်ရေသည် သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၃)ရက်အတွင်း (၂)ပေမှ (၆)ပေခွဲခန့် မြင့်တက်ခဲ့ပါသည်။
ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် နောက်(၁) ရက်မှ (၃) ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၁)ပေခွဲမှ (၄)ပေခန့်နှင့် နောက်(၁)ရက်မှ (၆)ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည််မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ပေမှ (၂)ပေခွဲ ခန့် လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။
သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါ ကြောင်းနှင့် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်သူများအနေဖြင့်လည်း မြစ်ရေတိုးလာနိုင်မှုကို ဂရုပြုနေထိုင် သင့်ပါကြောင်း အကြံပြုအပ်ပါသည်။