လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms.RenataDessallien ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း

နေပြည်တော်၊ ဧပြီလ (၅)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ၊ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ယနေ့နံနက်ပိုင်း တွင် အဆိုပါဝန်ကြီးရုံးရှိမေခလာခန်းမတွင် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms.RenataDessallien ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါ သည်။
ထိုသို့တွေ့ဆုံရာတွင်Ms.RenataDessallienက နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အကြားပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် ပထမ ဦးစွာ ရခိုင်ပြည်နယ်တွင် ထိခိုက်လွယ်မှုဆန်းစစ်ချက်များကို ပူးတွဲဆောင်ရွက်ရေး အတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အကြိုအစည်းအဝေးတစ်ရပ်ပြုလုပ်ရေး၊ ထိုမှတဆင့်ပူးတွဲဆန်းစစ်ချက်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စား လှယ်များပါဝင်သော (၂) ရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပရေးဆွေးနွေးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးခြင်းမှ သည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးကိုဦးတည်သည့် အဆိုပါစီမံချက်ကို ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖေါ်ဆောင်ရေး ဗဟိုကော်မတီလက်အောက်ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်း ကော်မတီများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ ဌာနေ ကိုယ်စားလှယ် Mr. Peter Batchelor၊နှင့် UNDP (Myanmar) မှ စီးပွားရေးရာ အကြံပေး Mr.ThomasKring နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိအရာထမ်းများလည်း တက်ရောက်ခဲ့ကြပါသည်။

Source:  MSWRR

Sign Up

Upcoming Events