ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်များနှင့် မိတ်ဆက်ပွဲအခမ်းအနား ကျင်းပမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၇) ရက်နေ့တွင် UNDP,UNICEF,UNV အဖွဲ့တို့နှင့် ပူးပေါင်း၍ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်များနှင့် မိတ်ဆက်ပွဲအခမ်းအနားအား မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မော်လမြိုင်မြို့မှ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦးနှင့် ချောင်းဆုံမြို့နယ်မှ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events